Activities

မြန်မာနိုင်ငံအာမခံအသင်း နှင့် အခြားနိုင်ငံများမှ အာမခံအသင်းအဖွဲ့များနှင့် သဘောတူစာချုပ်ရေးထိုးခြင်း (MOU)

မြန်မာနိုင်ငံအာမခံအသင်းအနေဖြင့် လက်ရှိဖွင့်လှစ်ပြီးသား အာမခံသင်တန်းများအပြင် နောက်ပိုင်းတွင် အာမခံလုပ်ငန်းကို ကျွမ်းကျင်ပိုုင်နိုင်စွာလုပ်ကိုင်နိုင်သူ အများအပြား ပေါ်ထွက်လာစေရန်အတွက် သင်တန်းကျောင်းဖွင့်လှစ်ပေးရန် ရည်ရွယ်ကာ ဂျပန်၊ အိန္ဒိယ၊ မလေးရှား၊ သြစတြေးလျနှင့် နယူးဇီလန်မှ နိုင်ငံခြား အာမခံသင်တန်းကျောင်းများဖြစ်သည့် General Insurance Association of Japan (GIAJ)၊ The Insurance Institute of India (III)၊ The Malaysian Insurance Institute (MII) နှင့် The Australian and New Zealand Institute of Insurance and Finance (ANZIIF) တို့နှင့် သင်ရိုးညွှန်းတမ်းနဲ့ သင်ကြားရေးအပိုင်းများအတွက် နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးခဲ့ကြပါသည်။
ယခုကဲ့သို့ မြန်မာနိုင်ငံအာမခံအသင်း ဖွဲ့စည်းလိုက်ခြင်းသည် မြန်မာနိုင်ငံ၏ အာမခံစျေးကွက် ပိုမိုကျယ်ပြန့်လာစေရန်သာမက အများပြည်သူများအကြား အာမခံလုပ်ငန်းနှင့် ပတ်သက်၍ အသိပညာများပိုမိုရရှိလာစေရန်နှင့် အာမခံလုပ်ငန်းအပေါ် ပိုမိုယုံကြည်လာစေရန်၊ အာမခံအကာအကွယ်ရယူလိုသည့် အလေ့အထဖြစ်ပေါ်လာစေရန်အတွက် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံအာမခံအသင်းတွင် မြန်မာ့အာမခံလုပ်ငန်းအပါအဝင် ပုဂ္ဂလိကအာမခံလုပ်ငန်း (၁၂) ခုဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံအာမခံအသင်းအနေဖြင့် မြန်မာနိုင်ငံတွင် အာမခံထားရှိသည့် အရေအတွက်နည်းပါးနေသည့်အတွက် အာမခံစျေးကွက်အတွင်းရှိနေသည့် အာမခံကုမ္ပဏီအချင်းချင်း စုပေါင်းကာ အာမခံအမျိုးအစားသစ်များဖြင့် စျေးကွက်ချဲ့ထွင်ခြင်းများ လုပ်ဆောင်သွားမည့်အပြင် လူငယ်လူရွယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာစေရန် အာမခံနှင့် ပတ်သက်သည့်သင်တန်းများကိုလည်း ဖွင့်လှစ်ပေးသွားမည်ဖြစ်ပါသည်။

Contact Us

  • No. 53, #05-18, 5th Floor, Strand Square, Strand Road, Pabedan Township, Yangon, Myanmar.
  • admin@mia.org.mm
  • 01 12307363