Activities

မြန်မာနိုင်ငံအာမခံအသင်း (MIA) နှင့် ထိုင်းနိုင်ငံအခြေစိုက် Office of Insurance Commission (OIC) တို့၏ တွေ့ဆုံဆွေးနွေးပွဲ

မြန်မာနိုင်ငံအာမခံအသင်း (MIA) နှင့် ထိုင်းနိုင်ငံအခြေစိုက် Office of Insurance Commission (OIC) တို့၏ တွေ့ဆုံဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁ ရက်နေ့၊ မနက် (၁၀:၃၀) နာရီတွင် ရန်ကုန်မြို့၊ ကမ်းနားလမ်းရှိ Strand Square ၌ ကျင်းပခဲ့ကြပါသည်။

အဆိုပါ ထိုင်းနိုင်ငံအခြေစိုက် Office of Insurance Commission (OIC) မှ Secretary – General, Dr. Suthiphon Thaveechaiyagarn နှင့် အဖွဲ့ဝင် (၅) ဦးသည် MIA ၏ ဥက္ကဋ္ဌ ဒေါက်တာဒေါ်စန္ဒာဦး၊ MIA အတွင်းရေးမှူး ဦးသောင်းဟန်နှင့် MIA အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ ရှေးဦးစွာ ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးပေးခဲ့ပါသည်။

ထို့နောက် ဆွေးနွေးပွဲအား ဆက်လက်ကျင်းပကာ မြန်မာနိုင်ငံအာမခံအသင်း၏ ဦးတည်ချက်များနှင့် လုပ်ငန်းစဉ်များ၊ မြန်မာနိုင်ငံ၏ အာမခံနယ်ပယ် ပိုမိုတွင်ကျယ်လာစေရန်အတွက် လုပ်ဆောင်မည့်အကြောင်းများ၊ ထိုင်းနိုင်ငံ၏ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့နှင့် အာမခံအသင်းများအကြား ပူးပေါင်းဆောင်ရွက်မှုအတွေ့အကြုံများအား ခင်မင်ရင်းနှီးစွာ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ပြီး ရင်းနှီးချစ်ခင်စွာဖြင့် အမှတ်တရဓါတ်ပုံများ ရိုက်ကူးခဲ့ကြပါသည်။

Contact Us

  • No. 53, #05-18, 5th Floor, Strand Square, Strand Road, Pabedan Township, Yangon, Myanmar.
  • admin@mia.org.mm
  • 01 12307363