News

မြန်မာနိုင်ငံအာမခံအသင်း(MIA) နှင့် ငွေရေး ကြေးရေး ကြီးကြပ်စီစစ်ရေးဌာန (FRD)တို့ တွေ့ဆုံဆွေးနွေးခြင်း

မြန်မာနိုင်ငံအာမခံအသင်း (MIA) နှင့် ငွေရေးကြေးရေးကြီးကြပ်စီစစ်ရေးဌာန (FRD) တို့သည် ၂၀၁၈ ခုနှစ်၊ ဇွန်လ၊ ၆ ရက်၊ ဗုဒ္ဓဟူးနေ့၊ နံနက် (၁၁ : ဝ၀) နာရီတွင် ကမ်းနားလမ်း၊ Strand Square ရှိ မြန်မာနိုင်ငံအာမခံအသင်းရုံးခန်း၌
တွေ့ဆုံခဲ့ကြရာ (FRD) မှ Director General ဦးဇော်နိုင်နှင့် ဦးသန့်စင်တို့အား အာမခံအမှုဆောင်ကော်မတီအဖွဲ့ဝင်များမှ ကြိုဆိုခဲ့ကြပါသည်။

ဆက်လက်ပြီး မြန်မာနိုင်ငံအာမခံအသင်း ဥက္ကဌဒေါက်တာစန္ဒာဦးမှ မြန်မာနိုင်ငံအာမခံအသင်း ဖွဲ့စည်းတည်ထောင်ရခြင်း၏ ရည်ရွယ်ချက်၊ ဆောင်ရွက်နေသည့်လုပ်ငန်းစဉ်များ၊ အနာဂတ်တွင် ရှေ့ဆက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြသည်။

ထို့နောက် နှစ်ဖက်အဖွဲ့ဝင်များမှ မြန်မာနိုင်ငံအာမခံလောက ပိုမိုဖွ့ံဖြိုးတိုးတက်ရေး၊ ပြည်သူများကြား အာမခံအသိပညာဗဟုသုတများကို ပိုမိုနားလည်ပြီး အာမခံအကာအကွယ်များ ရရှိခံစားနိုင်စေရေး၊ အာမခံကိုယ်စားလှယ်များ၏ အခန်းကဏ္ဍ ပိုမိုကျယ်ပြန့်တိုးတက်ရေး၊
အသေးစားအာမခံ (Micro Insurance) ကဏ္ဍအားကောင်းလာစေရေးနှင့်
FRD မှ MIA သို့ ပူးပေါင်းပံ့ပိုးဆောင်ရွက်သွားမည့်ကိစ္စရပ်များကို
အကျယ်တဝင့် တိုင်ပင်ဆွေးနွေးခဲ့ကြပြီး FRD ၏ Director General ဦးဇော်နိုင်မှ ဧည့်သည်တော်များမှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးကာ အမှုဆောင်အဖွဲ့ဝင်များနှင့် ရင်းရင်းနှီးနှီး တိုင်ပင်ဆွေးနွေးခဲ့ကြပါသည်။

Contact Us

  • No. 53, #05-18, 5th Floor, Strand Square, Strand Road, Pabedan Township, Yangon, Myanmar.
  • admin@mia.org.mm
  • 01 12307363