News

မြန်မာနိုင်ငံအာမခံအသင်း (MIA) နှင့် USAID (United States Agency for International Development) တို့ တွေ့ဆုံဆွေးနွေးပွဲ

၂၀၁၈ ခုနှစ်၊ ဇွန်လ၊ ၁၄ ရက်၊ ကြာသပတေးနေ့၊ နေ့လည် (၁းဝ၀) နာရီတွင် ရန်ကုန်မြို့၊ ကမ်းနားလမ်း၊ Strand Square ရှိ မြန်မာနိုင်ငံအာမခံအသင်းရုံးခန်း၌ မြန်မာနိုင်ငံအာမခံအသင်း ဒုတိယဥက္ကဌ ဦးညိုမြင့်၊ အတွင်းရေးမှူးဦးသောင်းဟန်နှင့် USAID  (United States Agency for International Development) မှ Ms. Mary Miller (Access to Finance Lead) တို့ တွေ့ဆုံခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲတွင် နှစ်ဖက်အဖွဲ့ဝင်များမှ အာမခံပညာရေးကဏ္ဍ၊ မြန်မာနိုင်ငံအာမခံအသင်းနှင့် ပူးပေါင်းဆောင်ရွက်နေသည့် အာမခံအဖွဲ့အစည်းများအကြောင်း၊ လက်ရှိမြန်မာနိုင်ငံ အာမခံလောကအခြေအနေများ၊ USAID နှင့် MIA ပူးပေါင်း၍ အာမခံ၏ အခန်းကဏ္ဍကို ပိုမိုမြှင့်တင်နိုင်ရေးကိစ္စရပ်များကို တိုင်ပင်ဆွေးနွေးခဲ့ကြသည်။

Contact Us

  • No. 53, #05-18, 5th Floor, Strand Square, Strand Road, Pabedan Township, Yangon, Myanmar.
  • admin@mia.org.mm
  • 01 12307363