News

မြန်မာနိုင်ငံအာမခံအသင်း (MIA) သို့ ကမ္ဘာ့ဘဏ် (World Bank) မှ တာဝန်ရှိသူများ လာရောက်တွေ့ဆုံ

ကမ္ဘာ့ဘဏ်၏ ငွေကြေးဆိုင်ရာတိုးတက်ဖွံ့ဖြိုးရေးအဖွဲ့မှ တာဝန်ရှိသူများဖြစ်သည့် Mr. Serap Oguz Gonulal (Lead Insurance Specialist)၊ Ms. Selda Korkmaz (Actuary) နှင့် Mr. Neal Rischall (Insurance Consultant) တို့သည် ၂၀၁၈ ခုနှစ်၊ မေလ၊ ၃၁ ရက်၊ ကြာသပတေးနေ့၊ နံနက် (၁ဝးဝ၀) နာရီတွင် ရန်ကုန်မြို့၊ ကမ်းနားလမ်း၊
Strand Square ရှိ မြန်မာနိုင်ငံအာမခံအသင်းရုံးခန်းသို့ ရောက်ရှိလာခဲ့ကြရာ
မြန်မာနိုင်ငံအာမခံအသင်း အတွင်းရေးမှူးဦးသောင်းဟန်နှင့် အမှုဆောင်ကော်မတီအဖွဲ့ဝင်များမှ ကြိုဆိုခဲ့ကြပါသည်။

ထို့နောက် နှစ်ဖက်အဖွဲ့ဝင်များအချင်းချင်း အပြန်အလှန်မိတ်ဆက်ခဲ့ကြပြီး ကမ္ဘာ့ဘဏ်မှ မြန်မာနိုင်ငံငွေရေးကြေးရေးကြီးကြပ်စီစစ်ရေးဌာန (FRD) နှင့် ချိတ်ဆက်၍ မြန်မာ့အာမခံလောက ဖွံဖြိုးတိုးတက်စေရေး
အကူအညီများပေးရန်အတွက် လာရောက်တွေ့ဆုံခြင်းဖြစ်ကြောင်း
ပြောကြားခဲ့ပြီးနောက် နိုင်ငံခြားအာမခံအသင်းများ၏ ဖွဲ့စည်းဆောင်ရွက်နေပုံများနှင့်
မြန်မာနိုင်ငံအာမခံအသင်းနှင့် ကိုက်ညီမည့်အသင်းဖွဲ့စည်းပုံတို့ကို အကြုံပြုဆွေးနွေးခဲ့ကြသည်။

ဆက်လက်ပြီး မြန်မာ့အာမခံလောကဖွံ့ဖြိုးတိုးတက်ရေးအတွက် အစီအစဉ်များ၊ ကမ္ဘာ့ဘဏ်မှ မြန်မာနိုင်ငံအာမခံအသင်း (MIA) နှင့် ပူးပေါင်းပံ့ပိုးပေးနိုင်မည့် ကိစ္စရပ်များအကြောင်းကို ဆွေးနွေးပြောကြားခဲ့ကြပြီး မြန်မာနိုင်ငံအာမခံအသင်း အတွင်းရေးမှူးဦးသောင်းဟန်နှင့် ကော်မတီအဖွဲ့ဝင်များမှလည်း လက်ရှိမြန်မာ့အာမခံလောကအခြေအနေများ၊ မြန်မာနိုင်ငံအာမခံအသင်းအနေဖြင့်
ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့် ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်းဆောင်ရွက်သွားနိုင်မည့်ကိစ္စရပ်များကို ပြန်လည်ဆွေးနွေးပြောကြားခဲ့ကြပါသည်။

Contact Us

  • No. 53, #05-18, 5th Floor, Strand Square, Strand Road, Pabedan Township, Yangon, Myanmar.
  • admin@mia.org.mm
  • 01 12307363