News

မြန်မာနိုင်ငံအာမခံအသင်း (MIA) နှင့် Australian and New Zealand Institute of Insurance and Finance (ANZIIF) တို့ပူးပေါင်း၍ “Essentials of General Insurance Underwriting Workshop” ကျင်းပခြင်း

မြန်မာနိုင်ငံအာမခံအသင်း (MIA) နှင့် Australian and New Zealand Institute of Insurance and Finance (ANZIIF) တို့ပူးပေါင်းကာ မြန်မာ့အာမခံလောက ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ “Essentials of General Insurance Underwriting Workshop” ကို ၂၀၁၈ ခုနှစ်၊ မတ်လ၊ ၂၃ ရက်၊ ယနေ့မနက်ပိုင်းက ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ မြန်မာ့အာမခံရုံး (၆) လွှာ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ MIA ဥက္ကဌ ဒေါက်တာဒေါ်စန္ဒာဦးနှင့် အဖွဲ့ဝင်များ၊ ANZIIF မှ ကိုယ်စားလှယ်များ၊ မြန်မာ့အာမခံလုပ်ငန်းမှ တာဝန်ရှိလူကြီးမင်းများ၊ ပုဂ္ဂလိကအာမခံကုမ္ပဏီများမှ CEO များ၊ အာမခံကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် Workshop တက်ရောက်မည့်ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ MIA ဥက္ကဌ ဒေါက်တာဒေါ်စန္ဒာဦးက ဖွင့်ပွဲအမှာစကားပြောကြားခဲ့ပြီးနောက် ANZIIF မှ Ms. Leanne Duong – Regional Manager of South East Asia က Workshop နှင့် ပတ်သက်သောအကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် Workshop ဆွေးနွေးပွဲကို စတင်ခဲ့ပြီး Speaker အဖြစ် ANZIIF မှ Managing Partner ဖြစ်သူ Mr. Alvin A. Siregar က တာဝန်ယူပို့ချပေးခဲ့ခြင်းဖြစ်ပြီး Workshop ဆွေးနွေးပွဲတက်ရောက်သူများနှင့် Group Discussion ပုံစံဝိုင်းဖွဲ့ကာ အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။

ဆွေးနွေးပွဲပြီးဆုံးချိန်တွင် MIA က ANZIIF ကို အမှတ်တရပန်းချီကားလက်ဆောင်ပေးအပ်ခဲ့ပြီး ခင်မင်ရင်းနှီးစွာဖြင့် စုပေါင်းဓါတ်ပုံရိုက်ကူးခဲ့ကြပါသည်။

ယနေ့ကျင်းပပြုလုပ်ခဲ့သော “Essentials of General Insurance Underwriting Workshop” သည် အထွေထွေအာမခံနှင့် ပတ်သက်သောအကာအကွယ်များကို စည်းရုံးရောင်းချခြင်းနှင့် စွမ်းဆောင်ရည်နည်းပညာပိုင်း ပိုမိုမြင့်မားလာစေရန်၊ အာမခံအမျိုးအစားများကို သဘောပေါက်နားလည်ပြီး စျေးကွက်အနေအထားအရ ပိုမိုအားသာမှုရရှိစေရန်နှင့် MIA နှင့် ANZIIF အကြား အာမခံပညာရပ်ဆိုင်ရာကဏ္ဍများ ပိုမိုအကျိုးတူလုပ်ဆောင်နိုင်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အမေးအဖြေကဏ္ဍ၊ အထွေထွေဆွေးနွေးခြင်းကဏ္ဍများကိုပါ ထည့်သွင်းကာ စုစုပေါင်း (၆၀) ဦးခန့် တက်ရောက်ဆွေးနွေးခဲ့ကြသော အောင်မြင်သည့် Workshop ဆွေးနွေးပွဲဖြစ်ခဲ့ပါသည်။

Contact Us

  • No. 53, #05-18, 5th Floor, Strand Square, Strand Road, Pabedan Township, Yangon, Myanmar.
  • admin@mia.org.mm
  • 01 12307363